Rogue Hostage 2021 -
ခြုံငုံသုံးသပ်ချက်:အာဖဂန်နစ္စတန်မှာစစ်တိုက်ရင်း ကြုံခဲ့ရတဲ့အတိတ်ဆိုးကနေ မရုန်းထွက်နိုင်သေးတဲ့မရိန်းတပ်သားဟောင်းဖြစ်တဲ့ ကိုင်လ်ဟာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအလုပ်ကိုလုပ်ကိုင်နေပါတယ်။ မိန်းမကထားသွားခဲ့တာကြောင့် သားအဖနှစ်ယောက် ခက်ခက်ခဲခဲရှင်သန်နေရပါတယ်။ လွှတ်တော်အမတ်”ဆမ်”ကတော့ ကိုင်လ်ရဲ့ပထွေးပါ။ဆမ်ရဲ့စတိုးဆိုင်အသစ်ဖွင့်တဲ့နေ့မှာတော့ စတိုးဆိုင်ထဲကိုအကြမ်းဖက်သမားတွေရောက်လာခဲ့ပါတော့တယ်။ဈေးဝယ်သူတွေဝန်ထမ်းတွေအားလုံးကို ဓားစာခံအဖြစ်ဖမ်းထားခဲ့ပါတယ်။ ဓားစာခံဖြစ်နေတဲ့သူတွေအားလုံးလွတ်မြောက်နိုင်ဖို့ မရိန်းတပ်သားဟောင်းဖြစ်တဲ့ကိုင်လ်တစ်ယောက် ဘယ်လိုတွေဆောင်ရွက်သွားမလဲဆိုတာ ကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။
မှတ်ချက်