Lamya's Poem 2021 -
ခြုံငုံသုံးသပ်ချက်:ကဗျာတွေမှာ လူတွေမထင်မှတ်ထားတဲ့ စွမ်းအင်တွေရှိနေပါတယ်။ ကဗျာတွေက လူတစ်ယောက်ရဲ့ နှလုံးသားကို ပြောင်းလဲနိုင်သလိုမျိုး လူတစ်ယောက်ရဲ့ ဘဝကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာလည်း လမ်ရာဆိုတဲ့ ကောင်မလေးရဲ့ဘဝကို ကဗျာတစ်ပုဒ်က ဘယ်လိုပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ လမ်ရာဆိုတာက အလက်ပိုဆိုတဲ့ မြို့တစ်မြို့မှာ နေထိုင်တဲ့ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီမြို့မှာစစ်ပွဲတွေက မကြာခဏ ဖြစ်ပွားတတ်ပြီး အရမ်းကိုအန္တရာယ်များတဲ့ မြို့လဲဖြစ်ပါတယ်။ စာဖတ်ရတာဝါသနာပါပြီး စာတော်တဲ့ လမ်ရာအတွက် သူ့ရဲ့ဆရာကကဗျာဆရာ တစ်အုပ်ကိုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စာအုပ်ကနေတစ်ဆင့် လမ်ရာတစ်ယောက် ၁၃ ရာစုက ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ရူမီနဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ လမ်ရာက သူမရဲ့ဘဝကို ကယ်တင်ပေးနိုင်မယ့် ကဗျာတစ်ပုဒ်ကို ရူမီနဲ့ အတူတူရေးစပ်ပုံတွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
မှတ်ချက်