Apollo 10½: A Space Age Childhood 2022 -
ခြုံငုံသုံးသပ်ချက်:လူသားမျိုးနွယ်ရဲ့ အာကာသခရီးဟာ ၁၉၆၉ခုနှစ် ဇူလိုင်လ ၁၆ရက်က လွှတ်တင်တဲ့ Apollo 11နဲ့အတူ အစပျိုးခဲ့ပါတယ်။ လိုက်ပါသွားခဲ့တဲ့ Neil Armstrong နဲ့အဖွဲ့သားတွေဟာ လပေါ်ကို ပထမဆုံးအခြေချနိုင်သူတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အမှန်တကယ် ပထမဆုံး အခြေချနိုင်သူဟာ Neil Armstrong မဟုတ်ဘဲ မူလတန်းကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် ထိုအချိန်က Huston နယ်မြေမှာ အရာရာတိုင်းက အာကာသနဲ့ပတ်သက်တာတွေချည်း ဖြစ်ခဲ့တာပေါ့။ မူလတန်းကျောင်းသားလေး Stan အပါအဝင် ကလေးတော်တော်များများရဲ့ အိပ်မက်ဟာအာကာသယာဉ်မှူးကြီးဖြစ်ဖို့ပါပဲ။ တစ်နေ့မှာတော့ NASAက လူတချို့ဟာ Stan ကိုခေါ်ပြီးအာကာသယာဉ်ထိန်းခန်းဆောက်လုပ်ရာမှာ တွက်ချက်မှုအမှားလေးတွေကြောင့်သာမန်ထက်အနည်းငယ် သေးငယ်သွားပြီး အဲဒီယာဉ်ကိုမောင်းနှင်ပြီး လပေါ်ကိုသွားဖို့ကလေးတစ်ယောက်ကိုလိုက်ရှာနေတာဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီအကြံကို Stan ကလဲလက်ခံခဲ့ပြီး လပေါ်ကို ခရီးသွားနိုင်ခဲ့ပါတယ်။ အဲဒီပရောဂျက်ဟာ Apollo 10 ½ လို့ခေါ်ပြီး Apollo 11မတိုင်ခင် ဖြစ်ခဲ့တာပေါ့။ သို့သော် ဒီဖြစ်ရပ်ကို ပါးစပ်ပိတ်ထားရတဲ့ Stan အဖို့တော့ နေ့စဉ်ဘဝဟာထူးခြားပြီး ပြောင်းလဲသွားတာမရှိပါဘူး။
မှတ်ချက်