Leave No Trace 2018 -
ခြုံငုံသုံးသပ်ချက်:Leave no trace ရုပ်ရှင်ဟာဆုပေါင်းများစွာသိမ်းပိုက်ထားပြီး rotten tomatoes rating 100% အထိရရှိထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ် ပန်းခြံတစ်ခုရဲ့ တောအုပ်ထဲမှာ သားအဖနှစ်ယောက် သီးသန့်နေနေရာမှ မထင်မှတ်ထားတဲ့ အမှားတစ်ခုကြောင့် တောခေါင်းတွေ ဖမ်းဆီးတာခံလိုက်ရပြီး လူမှုဖူလုံရေးအဖွဲ့ဆီကို ရောက်ရှိသွားပါတော့တယ်။ လူမှုဖူလုံရေးအဖွဲ့က နေရာအသစ်တစ်ခုမှာ အခြေကျဖို့ စီစဉ်ပေးသောအခါ စိတ်ရောဂါဝေဒနာခံစားနေရတဲ့ ဖခင်ဖြစ်သူက နေရာအသစ်မှာ နေထိုင်ရတာ အဆင်မပြေ ဖြစ်လာပါတယ်။ ထို့ကြောင့် သမီးဖြစ်သူကိုခေါ်ကာ သားအဖနှစ်ယောက်နေရာအသစ်ကနေ ထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ သားအဖနှစ်ယောက် တောအုပ်ထဲကိုပဲ အဆင်ပြေပြေ ပြန်ရောက်သွားမလား ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
မှတ်ချက်