The Business of Christmas 2020 -
ခြုံငုံသုံးသပ်ချက်:အသက်ကြီးနေပြီဖြစ်တဲ့ အော်စကာနဲ့ မယ်ရီအန် ဖရန်ကလင်းတို့ လင်မယားဟာ မြို့လေးတစ်မြို့မှာ အရုပ်ဆိုင်လေး တစ်ဆိုင်ဖွင့်ထားပါတယ်။ အားလပ်ရက်ဖြစ်တဲ့ ခရစ္စမတ်လာတော့မှာ ဖြစ်တဲ့အတွက် မိခင်ဖြစ်သူ မယ်ရီအန်ဟာ သားသမီး ၃ ယောက်လုံးကို အိမ်အလည် ပြန်လာဖို့ မျှော်လင့်နေပါတယ်။ သားကြီးဖြစ်သူက ပူလစ်ဇာဆုလိုချင်နေတဲ့ ဂျာနယ်လစ်သမား၊ သားငယ်က တေးဂီတထုတ်လုပ်ပေးတဲ့ ပရိုဂျူဆာတစ်ယောက်၊ ပြီးတော့ သမီးကကျ အိမ်ခြံမြေပွဲစားတစ်ယောက်ပေါ့။ မိခင်ဖြစ်သူ ဖုန်းဆက်ခေါ်ပေမယ့်လည်း ကိုယ်စီအလုပ်နဲ့မို့ ပြန်မလာနိုင်ကြတဲ့လူတွေပါ၊ မိခင်ကြီးလည်း စိတ်ဆင်းရဲရတာပေါ့။ အဲဒီအချိန်မှာ သူတို့လင်မယားကို နောက်ထပ် ကံဆိုးမှုတစ်ခု ကျရောက်လာပါတယ်၊ အိမ်ကိုပေါင်ထားတဲ့ချေးငွေကို ဝယ်ယူလိုက်တဲ့ကုမ္ပဏီက သူတို့ ဆိုင်နဲ့အိမ်ကိုပါ ရက်အနည်းငယ်အတွင်း ပိုက်ဆံတစ်သိန်းမှ မပေးနိုင်ရင် ဆုံးရှုံးရဖို့ ဖြစ်လာပါတော့တယ်။ ဒီသတင်းကိုကြားတော့ ဖခင်ဖြစ်သူ အော်စကာတစ်ယောက် နှလုံးဖောက်ပြီး ဆေးရုံရောက်ပါတော့တယ်။ အဲဒီမှာ အလုပ်တွေမအားတဲ့ သားသမီးတွေလည်း မိသားစုရဲ့ဘေးအန္တရာယ်ကို ကြုံရာနေရာကနေ ဝင်ပြီး ပြန်ကယ်တင်ပေးဖို့ တာဝန်ကျရောက်လာပါတော့တယ်။
မှတ်ချက်