The Business of Christmas 2 2021 -
ခြုံငုံသုံးသပ်ချက်:ပထမကား မကြည့်ရသေးသူများအတွက် အခု review ကိုမဖတ်ပါနဲ့ဦး ခင်ဗျာ။ ပထမကားတုန်းက ပြဿနာတွေ ဖြေရှင်းခဲ့တဲ့ ဖရန်ကလင်း မိသားစုတွေ ပြန်လာပါပြီ။ ဒီဒုတိယကားမှာတော့ ဖခင်ဖြစ်တဲ့အော်စကာကတော့ သွေးတိုးနဲ့ ဆုံးပါးသွားပါပြီ။ မိခင် မယ်ရီအန်ကလည်း မွေးရပ်မြေကို ပြန်လာပြီး အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေနေပါတယ်။ သားသမီးတွေအနေနဲ့ မိုက်ကယ်ကဝတ္ထုရေးဖို့ ကြိုးစားနေပြီး ဖခင်သေဆုံးမှုကို ထောက်လှမ်းနေခဲ့ပါတယ်၊ နိုအာကတော့ စင်ဒီနဲ့ အလုပ်တွဲလုပ်ရင်း မင်္ဂလာဆောင်ဖို့ အဆင်မပြေ ဖြစ်နေခဲ့တာပါ၊ ဒန်နီကလည်း ယောက်ျားဖြစ်သူလည်း အဆင်မပြေ ဖြစ်ပြီး သားလေးကို ထိန်းကျောင်းနေရသူ မိခင်တစ်ယောက်ဖြစ်နေပါပြီ။ ဒီလိုနဲ့ ဖရန်ကလင်းမောင်နှမတတွေ ကိုယ်စီပြဿနာတွေနဲ့ တစ်ဦးတည်းနေတဲ့ မိခင်ကြီးဆီကို သွားရောက်ဖို့ ဖြစ်လာပါတော့တယ်။ နောက်ထပ် ဖြေရှင်းဖို့ ပြဿနာအသစ်တွေနဲ့အတူပေါ့။ ဒီကားမှာတော့ မိခင် မယ်ရီအန်နဲ့ ငယ်ချစ်ဦး ကျောင်းအုပ်ဆရာကြီးနိုက်ပါဝင်လာသလို၊ ဒန်နီရဲ့ ကပွဲသွားဖော် ပက်ထရစ်ရယ်၊ မိုက်ကယ်နဲ့ ဒန်နီကြားက ပြဿနာတွေ၊ နိုအာတို့အတွဲကြားက ပြဿနာ အသစ်တွေလည်း ပါဝင်လာပါတယ်။ ထုံးစံအတိုင်း ဖရန်ကလင်းမိသားစုနဲ့ ခရစ္စမတ် တွေ့ကြပြန်ပြီပေါ့ဗျာ။
မှတ်ချက်